Hello!! မင်္ဂလာပါခင်ဗျာ ... ကျနော့်အိမ်လေးကို အလည်လာကြတဲ့ သူအားလုံး စိတ်၏ချမ်းသာခြင်း .. ကိုယ်၏ကျန်းမာခြင်း များဖြင့် ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်ခင်ဗျာ

အားလုံး ပျော်ရွှင်နိုင်ကြပါစေ ...
ပုတီတိုး

အလှစစ်

ဒီကဗျာကတော့ ... ကျနော်အမေရဲ့ကဗျာပါ ..ရွှေမြန်မာမဂ္ဂဇင်းကို.. ပို့ထားတဲ့ကဗျာပါ .. အမေကအထက်တန်းပြဆရာမပါ .. မြန်မာစာပြပါတယ် ..အမေက .. ကဗျာဖွဲ့နည်းပေါင်းစုံတတ်ပါတယ် .. ကျနော်ငယ်ငယ်ကဆို..အမျိုးသားနေ့ကဗျာပြိုင်ပွဲတွေမှာဆိုရင်..အမြဲတမ်းဆုရပါတယ်.. :)
အလှစစ်

တမနက်ခင်းမှာပေါ့
စိတ်ချင်ခြင်းတပ်တဲ့အစာ
ကောင်းနိုးရာရှာဖွေရွေးချယ်ဖို့
ဈေးအ၀ယ်ထွက်ခဲ့တယ်။

ဝယ်ပါဦးအမေရယ် ...
ညောင်ဦးနယ်ပုန်းရည်ကြီး
ဆီး ထန်းလျက် ပဲလှော်အရသာ
ကောင်းချက်က သာလွန်းလို့တဲ့
နာပျော်ဖွယ် သံချိုအေးရယ်ကြောင့်
သူလေးသွင်ဘယ်လိုရှိပါလိမ့်
တွေးမိစိတ်ဝယ်။

အနားလာ လှမ်းကာကြည့်မိတော့
ပကတိမြန်မာသမီးပျိုပေါ့
ညိုတိုတိုပါးပြင်နှစ်ဖက်
ပါးကွက်ကြား နံ့သာတင်လို့
မြကေရှင်ဆံတောက်ဖား
လှုပ်ရှား တခါခါနဲ့
ချိုကြည်သာပြုံးမျက်နှာလေးရယ်က
ရင်အေးစရာ့ ချစ်စဖွယ်
ဈေးလယ်ကလှပဂေး။

မြန်မာ့မူဟန်
ရိုးရာမှန်အမွေစစ်ပေမို့
သည်ခေတ်မှာအံမ၀င်တုံးတယ်လို့
အပြစ်မြင် ပယ်ခွာမမုန်းလိုက်ပါနဲ့
သက်ဆုံးတိုင်ခင်တွယ်လို့
စဉ်တကယ်
ဂုဏ်ယူတတ်စေကြောင်းကိုလ
စေတနာ ဝေဖြာလောင်းလို့ရယ
တောင်းဆုရည်သေး။ ။

0 စာဖတ်သူမှတ်ချက်: