ပိတောက်မလေးအကြိုတော်
ဒီကဗျာကလည်း ကျနော့်အမေရဲ့ ကဗျာပါပဲ
ရွှေမြန်မာမဂ္ဂဇင်းကို မပို့ဖြစ်သေးတာပါ ... :)
ပိတောက်မလေးအကြိုတော်
တန်ခူးလေ ကိုလူနောက်
တံခါးခေါက်တဲ့ အသံထင် ။
့မြစိမ်း ကမ္ဗလာကြား
လှုပ်ရှား ရွှေရင်ဖိုတဲ့
ပိတောက်ပျို လုံမေခင်မှာ
့ခြုံလွှာကို အသာဖွင့်ပါလို့
နားစွင့်မိလျှင် ။
ချစ်သူမောင် သင်္ကြံန်မိုးရယ်ပေါ့
ရှေ့တိုးကာ အရောက်လှမ်းလာပတဲ့
ပိတောက်နန်း လေသာဆောင်က
မယ်နဲ့မောင် တူစုံပေါင်းရဖို့
ဆုတောင်းလို့ ကြိုနှင့်မေ
တန်ခူးလေနဲ့ အမှာတော်ပါး ။
တစ်နှစ်မှ တစ်ခါ
တူနှစ်ဖြာ ကြုံဆုံခွင့်ကို
စောင့်လင့်ကာ ကြိုနေတုန်းမှာ
ကြော့ဆုံး လာချေပြီထင့်
ကညာမေ ရွှေရင်လန်းရအောင်
ချစ်ရေစင် သွင်သွင်ဖြန်းပါပေါ့
ဝါရွှေလွင် အသွင်ဆန်းကို
ဆင်မြန်းကာ ဂုဏ်ထယ်တင့်စေဖို့
ဖူးငုံစုံ အားကုန်ပွင့်လိုက်မယ်
ရင်နင့်အောင် ဘ၀င်အေးပါလို့
မွှေးပျံ့စေသား ။
0 စာဖတ်သူမှတ်ချက်:
Post a Comment