သင်ပုန်းကြီး ဖတ်စာ
သူငယ်ချင်းဆီက email ၀င်လာတဲ့ ခေတ်သစ်သင်ပုန်းကြီးဖတ်စာ ကို တင်ပေးလိုက်ပါတယ် :D
တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ်ကျွတ်တယ်။
ဘယ်က လာသလဲ
ဘယ်နယ် ကလဲ၊
အလယ်ကလူ
အသားဖြူ၏၊
ခင်ဗျား အလှူ
တစ်ပြား မရှူရ။
အစားအစာ ၀ါးစားပါ
အသား ပါသလား။
ငါး ပါသလား။
ဘီစကွတ် ပါသလား
ဘာပဲပါပါ ထားခဲ့ပါ။
ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
အမိုးအကာ မဲ့နေတဲ့၊
မနှင်းတို့အိမ်။
ဖိုးရွှေကြီး ဖိးုရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး၊
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ၊
တူပါသကွဲ့ မယုံငြား
ဒီမှာ ကြည့်ပါလား။
တနင်္ဂနွေ၊ တနင်္လာ
ဗိုက်မှောက် မျှော်နေတာ၊
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လု တစ်ဦးဦး၊
ကြာသာပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ၊
စနေမှာ သေချာသွား ဘယ်သူမှ မလာအား။
မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်၊
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး၊
အာဏာရူး
အာဏာရူးကို ခွေးတွေယက်၊
မှောင်မိုက်မှာအူ။
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ၊
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း၊
မုန်တိုင်း ....။
အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုး တလျှောက်ဆီ၊
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း။
ဘဘ၀၀ ထလို့က
ဘဘ နိုင်ပြီဗျ၊
ကပါကပါ ဘဘရာ
ဘဘ ခေတ်လေဗျာ၊
မဲလိမ်တွေကို အမှန်ပြ
ဘဘ အကြံပိုင်ပ။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ၊
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘ နိုင်ဖို့ပဲ။
ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ၊
သူများ အကူမယူခဲ့တာ
ဘဘရဲ့ စေတနာ၊
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ၊
နိုင်ငံခြားငွေ မြင်သောအခါ
ဘဘ စိတ်ပြောင်းလာ၊
အားရပါးရ လာလှူကြကွဲ့
ဘဘ အိတ်ထဲထည့်။
ဘဘ၀၀ ထပ်လို့က
ဘဘ ခိုင်ပြီဗျ၊
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ၊
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ၊
ဘဘ ကတော့ ဆက်လို့က
ဘဘ ဘယ်တော့မှ ကလို့မ၀။
1 စာဖတ်သူမှတ်ချက်:
လုပ်လိုက်လေဗျာ။ ကြိုက်သွားပြီ။ :)
Post a Comment